အင်္ဂါနေ့, မေလ 15, 2012

ထုတ်ပြန်ချက်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းကာလတွင် လူ့အခွင့်အရေးချိုးဖောက်မှုများဆက်လက်ဖြစ်ပေါ်နေဆဲ။

မန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းကာလတွင် လူ့အခွင့်အရေးချိုးဖောက်မှုများဆက်လက်ဖြစ်ပေါ်နေဆဲ။
(မေ ၉  ၂၀၁၂)
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)သည် သမ္မတဦးသိန်းစိန် နှင့် သူ့အစိုးရ တာဝန်စယူခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လ မှ ၂၀၁၂ ခုနှစ် မတ်လ အစိုးရသက်တမ်းတနှစ်အတွင်း လူ့အခွင့်အရေးအခြေအနေများကို မီးမောင်းထိုးပြသည့် အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်သည်။ အစီရင်ခံစာကာလအတွင်း ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်သည့် အစိုးရ နှင့် အစိုးရထောက်ခံသူများက ကျူးလွန်သောလူ့အခွင့်အရေးချိုးဖောက်မှု ၄၁၅ ခုကို မှတ်တမ်းတင်ထားသည်။
ချိုးဖောက်များအား အမျိုးအစားအရကြည့်ပါက ညှဉ်းပန်းနှိပ်စက်မှုဖြစ်ရပ် ၈၅ ခု၊ အတင်းအဓမ္မလုပ်အားပေး ခိုင်းစေမှု ဖြစ်ရပ် ၅၉  ခုနှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများ သိမ်းယူခြင်း၊ဖျက်ဆီးခံရခြင်း ဖြစ်ရပ် ၁၁၄ ခု ရှိသည်ဟု တွေ့ရသည်။
“အခုအစီရင်ခံစာမှာပါတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအရေအတွက်ကြည့်လိုက်မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝန်းက အစိုးရရဲ့ အပြောင်းအလဲတွေအပေါ် ဝိုင်းဝန်းချီးကျူးနေတဲ့ တချိန်တည်းမှာပဲ  မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ဘယ်လောက်ဆိုးဆိုးဝါးဝါးဖြစ်နေတယ်ဆိုတာကို တွေ့နိုင်ပါတယ်။ လက်နက်ကိုင်တိုင်းရင်းသားအုပ်စုတွေနဲ့ ငြိမ်းချမ်းရေးရဖို့ အစိုးရရဲ့ အားထုတ်ဆောင်ရွက်ချက် တွေကို ကျမတို့ ကြိုဆိုထောက်ခံပါတယ်။ ဒါပေမယ့် အားလုံးတပြေးညီ ပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်ဖို့လိုပါတယ်။” ဟု ကွန်ရက်စီမံခန့်ခွဲရေးဘုတ်အဖွဲ့ဝင် မွန်းနေလီက ပြောဆိုသည်။
“ ဒီကာလမှာ  မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုအတွင်း လူ့အခွင့်အရေး အခြေအနေ တိုးတက်ဖို့ အတွက် အစိုးရရဲ့ဆောင်ရွက်ချက်ကို ကြည့်မယ်ဆိုရင် မဆိုသလောက်ပဲ ရှိပါတယ်။ အခုလိုတိုင်းပြည်ရဲ့ အရေးကြီးတဲ့အလှည့်အပြောင်းကာလမှာ အစိုးရအနေနဲ့ လုပ်သင့်တာက ဘာလဲဆိုရင် တရားဥပဒေစိုးမိုးမှု ပေါ်ထွန်းလာစေဖို့၊အနာဂါတ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထပ်မဖြစ်စေဖို့အတွက် အတိတ်ကာလ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖြေရှင်းပေးသင့်ပါတယ်။” ဟု ကွန်ရက်၏ စီမံခန့်ခွဲရေး ဘုတ်အဖွဲ့ဝင်တဦး ဖြစ်သူ နိုင်ဦးမွန်က ပြောဆိုသည်။
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအား လွတ်လပ်စွာလုပ်ဆောင်နိုင်ခြင်း မရှိသေးသဖြင့် ယခုအစီရင်ခံစာသည် မြန်မာတနိုင်ငံလုံးတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုအားလုံးကို ကိုယ်စားပြုထင်ဟပ်ခြင်း မရှိသည်ကို သတိချပ်စေလိုပါသည်။
အစီရင်ခံစာအား အပြည့်အစုံဖတ်ရှုလိုပါက
www.nd-burma.org
ပိုမိုသိရှိလိုပါက
နိုင်အွန်းမွန် (၆၆) ၆ ၁၆၇ ၉၇၄၁
မွန်းနေလီ (၆၆) ၈ ၅၆၂ ၅ ၁၉၁၂

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းကာလတွင် လူ့အခွင့်အရေးချိုးဖောက်မှုများဆက်လက်ဖြစ်ပေါ်နေဆဲ။ 

(မေ ၉  ၂၀၁၂) လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)သည် သမ္မတဦးသိန်းစိန် နှင့် သူ့အစိုးရ တာဝန်စယူခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လ မှ ၂၀၁၂ ခုနှစ် မတ်လ အစိုးရသက်တမ်းတနှစ်အတွင်း လူ့အခွင့်အရေးအခြေအနေများကို မီးမောင်းထိုးပြသည့် အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်သည်။ အစီရင်ခံစာကာလအတွင်း ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်သည့် အစိုးရ နှင့် အစိုးရထောက်ခံသူများက ကျူးလွန်သောလူ့အခွင့်အရေးချိုးဖောက်မှု ၄၁၅ ခုကို မှတ်တမ်းတင်ထားသည်။ ချိုးဖောက်များအား အမျိုးအစားအရကြည့်ပါက ညှဉ်းပန်းနှိပ်စက်မှုဖြစ်ရပ် ၈၅ ခု၊ အတင်းအဓမ္မလုပ်အားပေး ခိုင်းစေမှု ဖြစ်ရပ် ၅၉  ခုနှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများ သိမ်းယူခြင်း၊ဖျက်ဆီးခံရခြင်း ဖြစ်ရပ် ၁၁၄ ခု ရှိသည်ဟု တွေ့ရသည်။ “အခုအစီရင်ခံစာမှာပါတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအရေအတွက်ကြည့်လိုက်မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝန်းက အစိုးရရဲ့ အပြောင်းအလဲတွေအပေါ် ဝိုင်းဝန်းချီးကျူးနေတဲ့ တချိန်တည်းမှာပဲ  မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ဘယ်လောက်ဆိုးဆိုးဝါးဝါးဖြစ်နေတယ်ဆိုတာကို တွေ့နိုင်ပါတယ်။ လက်နက်ကိုင်တိုင်းရင်းသားအုပ်စုတွေနဲ့ ငြိမ်းချမ်းရေးရဖို့ အစိုးရရဲ့ အားထုတ်ဆောင်ရွက်ချက် တွေကို ကျမတို့ ကြိုဆိုထောက်ခံပါတယ်။ ဒါပေမယ့် အားလုံးတပြေးညီ ပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်ဖို့လိုပါတယ်။” ဟု ကွန်ရက်စီမံခန့်ခွဲရေးဘုတ်အဖွဲ့ဝင် မွန်းနေလီက ပြောဆိုသည်။ “ ဒီကာလမှာ  မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုအတွင်း လူ့အခွင့်အရေး အခြေအနေ တိုးတက်ဖို့ အတွက် အစိုးရရဲ့ဆောင်ရွက်ချက်ကို ကြည့်မယ်ဆိုရင် မဆိုသလောက်ပဲ ရှိပါတယ်။ အခုလိုတိုင်းပြည်ရဲ့ အရေးကြီးတဲ့အလှည့်အပြောင်းကာလမှာ အစိုးရအနေနဲ့ လုပ်သင့်တာက ဘာလဲဆိုရင် တရားဥပဒေစိုးမိုးမှု ပေါ်ထွန်းလာစေဖို့၊အနာဂါတ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထပ်မဖြစ်စေဖို့အတွက် အတိတ်ကာလ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖြေရှင်းပေးသင့်ပါတယ်။” ဟု ကွန်ရက်၏ စီမံခန့်ခွဲရေး ဘုတ်အဖွဲ့ဝင်တဦး ဖြစ်သူ နိုင်ဦးမွန်က ပြောဆိုသည်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအား လွတ်လပ်စွာလုပ်ဆောင်နိုင်ခြင်း မရှိသေးသဖြင့် ယခုအစီရင်ခံစာသည် မြန်မာတနိုင်ငံလုံးတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုအားလုံးကို ကိုယ်စားပြုထင်ဟပ်ခြင်း မရှိသည်ကို သတိချပ်စေလိုပါသည်။ 

အစီရင်ခံစာအား အပြည့်အစုံဖတ်ရှုလိုပါက 

www.nd-burma.org/report

 

 ပိုမိုသိရှိလိုပါက  နိုင်အွန်းမွန် (၆၆) ၆ ၁၆၇ ၉၇၄၁   မွန်းနေလီ (၆၆) ၈ ၅၆၂ ၅ ၁၉၁၂

   

ပန်ဆေးပြည်သူ့စစ်မှ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုအပေါ် အာဏာပိုင်များမှ ထိထိရောက်အရေးယူဆောင်ပေးခြင်းမရှိ

အပြစ်မဲ့တအာင်းပြည်သူတစ်ဦးကို ပန်ဆေးပြည်သူ့စစ်မှ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုအပေါ်  အာဏာပိုင်များမှ ထိထိရောက်အရေးယူဆောင်ပေးခြင်းမရှိ
၂၄ရက်၊ ဇန်နဝါရီလ၊ ၂ဝ၁၂ခုနှစ်
သတင်းထုတ်ပြန်ချက်ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပန်းဆေးအခြေစိုက် ကျန်လုနှင့် ကျန်ကွေရှင်တို့ ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့တို့သည် နမ့်ခမ်းမြို့နယ်၊ စယ်နေကျေးရွာအုပ်စု၊ ဖားပြန့်ကျေးရွာနေ အပြစ်မဲ့ပြည်သူ တစ်ဦးဖြစ်သည့် ဦးအိုက်ထာက်နိုင်(ခ)ဦးနိုင်ဆွယ်အား အပြစ်မရှိဘဲ လက်ထိပ်ခတ်ပစ်သတ်ပြီး လူမဆန်စွာ ရက်ရက်စက်မသေမချင်း ရိုက်နှိက်ခဲ့သည်ဟု သိရှိရပါသည်။
   

ဒေသခံမိသားစု ၆၃ ရာခိုင်နှုန်းမှာ လယ်ယာခြံမြေများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှူံးနေခြင်း

ထုတ်ပြန်ကြေညာချက် –                         ၂၂ ရက် နိုဝင်ဘာလ ၂၀၁၁ ခုနှစ်။

တအာင်းဒေသရှိ ပျက်သုဉ်းမှုဆီသို့ဦးတည်သော ဖွံ့ဖြိုးမှုစီမံကိန်းနှင့် ခြံမြေများအဓမ္မသိမ်းပိုက်ခံရခြင်းကြောင့်  ဒေသခံမိသားစု ၆၃ ရာခိုင်နှုန်းမှာ လယ်ယာခြံမြေများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှူံးနေခြင်း
   

လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ)က ထုတ်ဝေသော လူ့အခွင့်အရေးမှတ်တမ်းအစီရင်ခံစာ

လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ)က ထုတ်ဝေသော လူ့အခွင့်အရေးမှတ်တမ်းအစီရင်ခံစာ မြန်မာနိ်ုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေများ ဆက်လက်ဆိုးရွားနေဆဲဖြစ်သည်ဟု ထောက်ပြလိုက်ခြင်း။
လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) က ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေများ မှတ်တမ်းတင်ထားသော အစီရင်ခံစာတစောင် ထုတ်ဝေခဲ့သည်။ ထိုအစီရင်ခံစာတွင် မြန်မာနိုင်ငံအဝှမ်း ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၄ ခုအတွင်း အစိုးရ နှင့် ၎င်းထောက်ခံသူများက ကျူးလွန်သော လူ့အခွင့်အရေးချိုဖောက်မှုဖြစ်ရပ် ၂၆၁ ခုကို မှတ်တမ်းတင်ထားသည်။
   

စာမျက်နှာအမှတ် 1 စုစုပေါင်း 7

အခြား ထုတ်ပြန်ချက်များ

 

PO Box 67, CMU Post Office, Chiang Mai 50202, Thailand
T/F - +66 (53) 408 149

E - office@nd-burma.org