သောကြာနေ့၊ 18 စက်တင်ဘာလ 2009 ခုနှစ် 14 နာရီ 20 မိနစ်
မြန်မာနိုင်ငံတွင်ဖြစ်ပွားသော လူ့အခွင့်အရေးချိုးဖောက်မှုအမျိုး အစားများကား များပြားလှသည် ဖြစ်ရာ (ND-Burma) ၏ အဖွဲ့ဝင် အသီးသီးသည် မိမိတို့၏ သတ်မှတ်ထားသော တာဝန်နှင့် အထူး သက်ဆိုင်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကိုသာ အာရုံစိုက် မှတ်တမ်းတင်ကြပါသည်။
အဖွဲ့ဝင်များပူးပေါင်းဆောင်ရွက်ရေးအတွက် စည်းမျဉ်းကန့် သတ်ချက်ဘောင်တခု ပေါ်ပေါက်လာရေးတွင် ဦးစားပေးလုပ် ငန်း တာဝန်တရပ်အနေနှင့် ကွန်ယက်သည် အထူးအာရုံစိုက်မည့် လူ့အခွင့်အရေး ချိုးဖောက်မှုအမျိုးအစားများကို “သတ်မှတ်ထားသော ဝေါဟာရများ” ဖြင့်စာရင်းပြုစုထား ကြပါသည်။ ဤစာရင်းကိုအခြေခံလျက် ကွန်ယက်က ချိုး ဖောက်မှု (၁၃)ခုကို အထူးပြုထားသည့် လက်စွဲစာစောင်များ နှင့် အထွေထွေ မှတ်တမ်းပြုခြင်း လက်စွဲစာစောင်များရေးသား ပြုစုထုတ်ဝေခဲ့ပါသည်။ ကွန်ယက်၏ အင်တာနက်စာမျက်နှာတွင် မြန်မာဘာသာမူ၊ အင်္ဂလိပ်ဘာသာမူဖြင့် လက်စွဲစာစဉ်များရ ယူနိုင်ပါသည်။
ဤလမ်းညွှန်ချက်များဖြင့် အောက်ပါ လူ့အခွင့် အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ထားပါသည်။
၁။ သတ်ဖြတ်ခြင်းနှင့် အစဖျောက်ပစ်ခြင်း၊
၂။ မတရား ဖမ်းဆီးမှုများနှင့် ထိန်းသိမ်းချုပ်နှောင်မှုများ၊
၃။ ကလေးစစ်သားများ အသုံးပြုမှု၊
၄။ အတင်းအဓ္မ ရွှေ့ပြောင်းခံရခြင်း၊
၅။ မုဒိမ်းပြုကျင့်မှုနှင့် အခြားသော လိင်မှုဆိုင်ရာ အကြမ်းဖက်မှု ပုံသဏ္ဍာန်များ၊
၆။ ညဉ်းပမ်းနှိပ်စက်ခြင်းနှင့် အခြားသော မလျော်ကန်ပြုမူခြင်း ပုံစံများ၊
၇။ အဓ္မလုပ်အားစေခိုင်းမှု၊
၈။ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ကိုပိတ်ပင်ဟန့်တားခြင်း၊
၉။ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ချိုးဖောက်ခြင်း၊
၁၀။ အတင်းအဓ္မ လက်ထပ်စခြေင်း၊
၁၁။ လိင်ဖျော်ဖြေရေး လုပ်ငန်းအတွင်းသို့ အတင်းအဓ္မသွတ် သွင်းခံရခြင်း၊
၁၂။ လူကုန်ကူးရောင်းဝယ်ခြင်း၊
၁၃။ လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်ကို ထိပါးနှောက်ယှက်မှု
၁၄။ အထွေထွေမှတ်တမ်းပြုခြင်းတို့ ဖြစ်သည်။