ဗုဒ္ဓဟူးနေ့, မေလ 16, 2012

မြန်မာ့လူ့အခွင့်အရေးကော်မရှင် အကြောင်း အင်တာဗျူး

uwintin-aug-2011ပြီးခဲ့တဲ့ ရက်ပိုုင်းကမြန်မာကြံ့ဖွံ့အစိုုးရက လူ့အခွင့်အရေးကော်မရှင်တရပ်ကိုု ဖွဲ့စည်းလိုုက်တယ်။မြန်မာပြည်မှာ ဒီမိုုကရေစီနဲ့

လူ့အခွင့်အရေးအာမခံချက်တွေ ရှိကြောင်းပြသနိုုင်ဖိုု့၊ မြန်မာပြည်အထွေထွေ ပြုပြင်ပြောင်းလဲမှုတွေ အကောင်းဖက်ကိုုဦးတည်တဲ့ လှုပ်ရှားမှုတွေ ပြုလုုပ်နိုုင်ဖိုု့ လက်ရှိအာဏာပိုုင်တွေက အစီအစဉ်တွေဖော်ဆောင်လာနေတဲ့အပေါ်မှာ အတိုုက်အခံခေါင်းဆောင် ဦး၀င်းတင်ရဲ့ သဘောထားကိုုမေးမြန်းဖြစ်ခဲ့ပါတယ်။

- အခုုသူတိုု့ဖွဲ့စည်းလိုုက်တဲ့ လူ့အခွင့်အရေးကော်မရှင်အပေါ်မှာ ဆရာ့အနေနဲ့ဘယ်လိုုမြင်သလဲ။
- အခုု လက်ရှိအစိုုးရကလူ့အခွင့်အရေးကော်မရှင်ကိုု ဖွဲ့လိုုက်တယ်။ ဒါကိုု ထူးခြားတယ်လိုု့ တချို့လူတွေကထင်မြင်ပြီးတော့ ကျနော့်ဆီကိုု ဖုုံးဆက်ပြီးတော့ သတင်းဖတ်ပါ၊ နားထောင်ပါစသည်ဖြင့်တောင် တိုုက်တွန်းကြတယ်။ တကယ်တမ်း နားထောင်လိုုက်တော့၊ဖတ်ကြည့်လိုုက်တော့ သူတိုု့ဖွဲ့လိုုက်တာက ဘာမှ ထူးခြားတာ မတွေ့ရဘူး။ သူတိုု့ရဲ့သံအမတ်ဟောင်းတွေ၊ ဥပဒေပညာရှင်တချို့နဲ့ အစိုုးရ၀န်ထမ်း အရာရှိကြီးတွေ ဘာတွေပဲဖြစ်နေတယ်။ သူတိုု့ရဲ့ နောက်ကြောင်း ရာဇ၀င်တွေ၊ ပရိုုဖိုုင်းတွေလည်း ဘာမှမသိရသေးဘူးလေ။ သူတိုု့တွေ ဘယ်လိုုရပ်တည်ခဲ့သူတွေလဲ၊ ဘယ်လိုုလူစားတွေလည်းဆိုုတာမသိကြရသေးဘူးလေ။

- အယင်တုုန်းကစစ်အုုပ်စုုက အာဏာကိုု တိုုက်ရိုုက်ကိုုင်စွဲထားတုုန်းက သူတိုု့ကောင်းကြောင်းကိုုနိုုင်ငံတကာကိုု လှညြ့်ပီး ပြောဖိုု့ ခိုုင်းထားတဲ့အဖွဲ့တွေ ရှိဖူးတယ်လေဆရာ။မြန်မာပညာရှင်တွေ၊ ဗြူရိုုကရက်တွေကိုု စစ်တပ်က ခိုုင်းဖူးသေးတယ်လေ။ အဲသည်လိုုမျိူးသည်လိုုအဖွဲ့ကိုု လက်ရှိအစိုုးရအသစ်က ရည်ရွယ်ပြီးဖွဲ့တယ်လိုု့လဲ တချိူ့ကထင်မြင်ချက်ပေးကြတယ် ဆရာ။
- ကျနော်ထောင်ထဲမှာ ကျနေစဉ်တုုန်းကကြားခဲ့ဖူးတယ်။ သူတိုု့လိုုအဖွဲ့မျိူးတွေကိုု ကမ္ဘာလှည့်နေတဲ့မြန်မာလူပျက်ကြီးများလိုု့တောင် ေ၀ဖန်ကြတယ်လိုု့ ပြောသံကြားတယ်။အခုုဖွဲ့စည်းလိုုက်တဲ့ အဖွဲ့၀င်တွေရဲ့ နောက်ကြောင်းနဲ့ သဘောထားတွေက ပေါ်လာမှာပေါ့့လေ။ အခုု မသိရသေးပေမယ့် နောက်တော့သိလာကြမှာပါ။ သူတိုု့ လုုပ်ရပ်တွေကိုုလည်း ကြည့်ရင်း ပေါ်လာမှာ ဖြစ်ပါတယ်။

- ဆရာအနေနဲ့ပါ၀င်တဲ့ လူအမျိူးအစားတွေပေါ်မှာ ဘယ်လိုုမျိူးမြင်သလဲ၊ လက်ရှိတွေ့ရသလောက်ပေါ့လေ။
- ကျနော့်အမြင်ကတော့ မြန်မာပြည်ရဲ့လူ့အခွင့်အရေးကော်မရှင်မှာ ၀န်ထမ်းတွေ၊ သံအမတ်ဟောင်းတွေထက် ဥပဒေပညာရှင်တွေများများ ပိုုပြီး လိုုအပ်တယ် ထင်တယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးမြန်မာပြည်တွင်းမှာကော၊ ပြည်ပကကော မေးမြန်းစုုံစမ်းတဲ့ဆီမှာ၊တွေ့ဆုုံရှင်းလင်းရတဲ့ဆီမှာ သူတိုု့က ရင်ဆိုုင် ပြောဆိုုနိုုင်မှာ ဖြစ်တယ်။အဲသည်လိုုမျိူး အတွေ့အကြုံတွေကိုု ပြနိုုင်ရမယ် ထင်တယ်။

- လက်ရှိအစိုုးရကသူတိုု့ခန့်လိုုက်တဲ့ အဖွဲ့တွေ၊ လူတွေတိုုင်းမှာ သူတိုု့စိတ်တိုုင်းကျခန့်အပ်တာတွေချည်း ဖြစ်နေတယ်။ ရွေးကောက်ပွဲတုုန်းကလည်း ပြည်သူလူထုုရဲ့ ဆန္ဒကိုုဆန့်ကျင်ပြီး တဖက်သတ်ကျင်းပခဲ့တယ်လိုု့ နိုုင်ငံတကာက ပြောဆိုုခဲ့ကြတယ်။နောက်ပြီးတော့ လွှတ်တော်တွေ၊ ကော်မရှင်အဖွဲ့တွေ၊ အစိုုးရအဖွဲ့တွေမှာလည်းယခင်စစ်အုုပ်စုုရဲ့ လကေ်၀ခံအဆင့်ဆင့်တွေက နေရာယူထားတယ်လိုု့ပဲ အများကပြောဆိုုနေကြတယ်။ အဲသည်လိုု လူတွေ အဆင့်ဆင့် ခန့်အပ်ထားတာတွေချည်းဖြစ်နေတာကိုုဆရာက ဘယ်လိုုပြောချင်ပါသလဲ။
- အခုုလက်ရှိလူ့အခွင့်အရေးကော်မရှင်က အပေါ်ဆုုံးအလွှာမှာ ဖွဲ့ထားပြီး ပြထားရုုံ သက်သက်ပဲလား၊အောက်ခြေ အဆင့်ဆင့်မှာ ကော်မရှင်ခွဲတွေ ခန့်အပ်ပြီး လည်ပတ်မှာလား။ အပေါ်မှာပဲအစုုတစုုလောက်ဖွဲ့ထားပြီး ပေးစာတွေ၊ ပစ်စာတွေ တိုုင်ကြားလာမှပဲအရေးယူဆောင်ရွက်ဖို်ု့ လုုပ်မယ်ဆိုုရင်လည်း ဆင့်ခေါင်းခွေးမချီနိုုင်ဖြစ်လာလိမ့်မယ် ထင်တယ်။ အောက်ခြေအဆင်ဆင့် အဖွဲ့ခွဲတွေဖွဲ့ကြမယ်ဆိုုရင်လည်း မြို့နယ်၊ ခရိုုင်၊ ကျေးရွာ အဆင့်ဆင့် ဖွဲ့ကြမယ်ဆိုုရင်လည်းသူတိုု့က ဘယ်လိုုလူစားတွေကိုု ခန့်မှာလဲဆိုုတာကိုု စဉ်းစားစရာဖြစ်လာတယ်။ လက်ရှိမှာသူတိုု့လုုပ်ရပ်တွေကိုု ပြန်ကြည့်ရင် အစိုုးရအသစ်ဖွဲ့ပြီးသွားပြီးနောက်ပိုုင်းအုုပ်ချုပ်ရေးအဖွဲ့တွေ မြို့နယ်၊ ကျေးရွာ အဆင့်ဆင့် ဖွဲ့တာကိုု ပြန်ကြည့်လိုုက်ရင်ကြံ့ဖွံ့တွေ၊ အရင်ကလုုပ်ခဲ့ ကိုုင်ခဲ့ဖူးတဲ့လူတွေကိုုပဲ ပြန်ခန့်တာကိုု တွေ့ရတယ်။
အဲသည်တော့ ဘာဖြစ်သလဲဆိုုတော့ …မြန်မာပြည်တွင်းမှာ ပြသနာတွေ ဖြစ်နေတာကိုု အမြဲတန်းကြားနေရတယ်။ ကျေးရွာက လူကြီးကအလွဲသုုံးစားလုုပ်တာ၊ ရွာသားတွေကိုု နှိပ်စက်တာ၊ မတရားလုုပ်တာတွေ အမြဲကြားနေရတယ်။အောက်ခြေအဆင့်ဆင့်မှာ အုုပ်ချူပ်နေတဲ့သူတွေဟာ အဲသည်လိုု အာဏာကိုုအလွဲသုုံးစားလုုပ်တဲ့သူတွေ၊ လူ့အခွင့်အရေး ကျုးလွန်သူတွေဖြစ်နေရင် အဲသည်လူတွေကိုုဘယ်လိုု တိုုင်ကြားအရေးယူမှာလဲ။ တိုုင်ကြားတဲ့ နေရာမှာလည်းပဲလူ့အခွင့်အရေးကော်မရှင်ကအောက်ခြေမှာ ခန့်ထားတဲ့သူတွေကလည်းလူ့အခွင့်အရေးချိူးဖောက်တဲ့နေရာမှာ ရှေ့တန်းကပါခဲ့တဲ့ သူတွေဆိုုရင်ကောဘယ်လိုုလုုပ်ကြမှာလဲ။ ဒါတွေကိုု စဉ်းစားရမယ့် အချက်ဖြစ်တယ်လိုု့ ပြောချင်တယ်။

- ဟုုတ်ကဲ့ပါဆရာ။အထက်ကတင် ပြုပြင်ပြောင်းလဲမှုတွေ လုုပ်နေရုုံတင်သာမကဘဲ အောက်ခြေအဆင့်ဆင့်မှာလည်းပဲပြုပြင်ပြောင်းလဲတဲ့ဆီမှာ လူတဦးချင်းစီမှာလည်း တာ၀န်ရှိနေတယ်လိုု့ပြောချင်တာပေါ့နော်။ လက်ရှိမှာ အာဏာပိုုင်တွေ အုုပ်ချုပ်သူတွေ အဆင့်ဆင့်မှာဒီမိုုကရေစီစနစ်ကိုု လေ့ကျင် ထိန်းသိမ်းလိုုတဲ့ တန်ဖိုုးထားလိုုတဲ့သူတွေအများအပြားရှိနေပြီလား။
- အုုပ်ချုပ်ရေးယန္တယားမှာ ပါ၀င်တဲ့ရဲတွေ၊ မီးသတ်တွေ၊ စစ်သားတွေ၊ စစ်သားဟောင်းတွေ၊ စည်ပင်သာယာရေးက၀န်ထမ်းတွေစတဲ့လူထုုအရေးကိုု ဆောင်ရွက်နေရမယ့် ကူညီရမယ့်သူတွေကိုု ကြည့်လိုုက်လိုု့ရှိရင်သူတိုု့တွေကိုုယ်တိုုင်က အာဏာရှင်ပေါက်စလေးတွေ ဖြစ်နေရင် ဟန်မကျဘူး။ မလွယ်ဘူး။သူတိုု့တွေကိုုယ်တိုုင်က လူတွေဆီက အနိုုင်ကျင့်ပြီး ငွေတောင်းတာမျိူး၊အပိုုင်စီးတာမျိူးတွေ လုုပ်နေတာတွေ ကြားနေ မြင်နေရတယ်။ ပြောရလိုု့ရှိရင်နိုုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ကိုု လွှတ်ပေးလိုုက်လိုု့ တိုုင်းပြည်မှာ မတည်မငြိမ်ဖြစ်လာမယ်တိုု့၊ဒေါ်အောင်ဆန်းစုုကြည်တိုု့က အာမခံချက် ဘယ်လိုုပေးမှာလဲတိုု့တွေမေးခွန်းထုုတ်နေတာတွေ ခဏထားလိုုက်ပါဦင်္း။ အခုု မြန်မာပြည်ဒေသအနှံ့ အလွှာတိုုင်းမှာအာဏာရှင်ပေါက်စတွေကိုု ဘယ်လိုုမျိူး ထိန်းသိမ်း ဖြေရှင်းကြမှာလဲ။နိုုင်ငံရေးအကျဉ်းသား ၂ ထောင်ကိုု လွှတ်ပေးဖိုု့က ပြသနာမဟုုတ်ပါဘူး။ အပြင်မှာလက်ရှိ အောက်ခြေအဆင့်ဆင့်နဲ့ အလွှာတိုုင်းမှာ ရှိနေတဲ့ အာဏာရှင်ပေါက်စတွေ၊လူ့အခွင့်အရေး ချိူးဖောက်မှုတွေ လုုပ်နေတာတွေ ဖြစ်ပွားနေတာတွေက အရေးတကြီးကိုုရင်ဆိုုင်နေရတဲ့ ကိစ္စဖြစ်တယ်။

- ထိပ်ပိုုင်းအပေါ်ပိုုင်းကတော့ အခြေခံဥပဒေထဲမှာ လွတ်လပ်စွာ ရေးသားခွင့်ကိုုပြဋ္ဌာန်းပေးလိုုက်ပြီ၊ ဒါဆိုုရင် ပြည်သူတွေမှာ စာပေလွတ်လပ်ခွင့်တွေ ရပြီပေါ့လိုု့ပြောရုုံတင် ပြောလိုု့ မရဘူးဆိုုတဲ့ သဘောပေါ့ ဆရာ။
- ဟုုတ်တယ်။ အပေါ်ကတော့စာနယ်ဇင်းလွတ်လပ်ခွင့်ရှိပါတယ်လိုု့ လွှတ်တော်ထဲမှာ၊ ၀န်ကြီးအဆင့်မှာ ပြောလိုုက်တယ်။ဒါပေမယ့် အောက်ခြေမှာကျတော့ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုုကြည်ရဲ့ အင်တာဗျူးကိုုထည့်ခွင့်မပေးဘူး၊ ဆောင်းပါးကိုု စာပေစိစစ်ရေးက ဆင်ဆာဖြတ်နေတယ်။ ပြောနေတာက တမျိူး၊လုုပ်နေတာက တမျိူးဖြစ်နေတာတွေ တွေ့နေရတယ်။ အာဏာရှင်ပေါက်စနလေးတွေက နေရာတိုုင်းမှာကြီးစိုုးလွှမ်းမိုုးပြီးတော့ သူတိုု့လုုပ်ချင်တာတွေ၊ လူ့အခွင့်အရေးချိူးဖောက်တာတွေလုုပ်နေတာတွေ မြင်နေရတယ်။ ပြောချင်တာကတော့ အခုုလိုု လူ့အခွင့်အရေးကော်မရှင်ကိုုဖွဲ့စည်းလိုုက်ပြီဆိုုပြီးတော့ ပြည်သူတွေက တကယ်ကိုု သွားရောက်ပြောကြား တိုုင်ပင်တင်ပြလိုု့ ရပြီလား။ ဒါကိုု ကျနော်တိုု့အနေနဲ့က မေးခွန်းထုုတ်စရာ ဖြစ်နေတယ်လိုု့ပြောချင်ပါတယ်။

- ကျေးဇူးတင်ပါတယ်ဆရာရေ။ ။

 

မိုးမခ http://moemaka.blogspot.com/ စာမျက်နှာမှ ကူးယူ ဖော်ပြသည်။

 

PO Box 67, CMU Post Office, Chiang Mai 50202, Thailand
T/F - +66 (53) 408 149

E - office@nd-burma.org